Thitsaworks နှင့် German Sparkassenstiftung for International Cooperation (DSIK) တို့ ပူးပေါင်း၍ လူငယ်များရဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ရေးအတွက် လိုအပ်တဲ့ Skillsets များကို သင်ကြားပေးသွားမယ့် အွန်လိုင်းသင်ကြားရေးပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။
ThitsaWorks ဟာ ဆုတံဆိပ်များစွာရရှိထားသည့် FinTech ကုမ္ပဏီတစ်ခုဖြစ်ပြီး ငွေကြေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများအတွက် လုပ်ငန်းလည်ပတ်မှုနှင့် Risks များကို ထိရောက်စွာစီမံခန့်ခွဲနိုင်စေရန် လိုအပ်သည့် အချက်အလက်များ စုဆောင်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် စိစစ်ခြင်းများကို ငွေကြေးဆိုင်ရာ အသိပညာ၊ နည်းပညာများပံ့ပိုး၍ ကူညီဖြေရှင်းပေးနေပါသည်။ ThitsaWorks ဟာ ငွေကြေးကဏ္ဍအတွင်း တရားညီညွတ်မျှတပြီး လက်တွေ့ကျွမ်းကျင်တက်မြောက်မှုများနှင့် ကျိုးကြောင်းဆီလျော်စွာ လည်ပတ်နိုင်စေရန် ငွေကြေးကဏ္ဍရဲ့ ခိုင်မာတိုးတက်သော ecosystem တစ်ခုကို ဖန်တီးရန်ရည်ရွယ်ကာ ThitsaWorks မှ ကောင်းမွန်သောအရာများကို ဖြန့်ဝေပေးရန် စိတ်အားထက်သန်လျက်ရှိနေပါသည်။
The German Sparkassenstiftung for International Cooperation (DSIK) သည် ဂျာမနီနိုင်ငံရှိ Sparkassen-Finanzgruppe အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ DSIK သည် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာမြှင့်တင်ပေးနိုင်မည့် လိုအပ်သောငွေကြေးစနစ်များကို ပံ့ပိုးကူညီကာ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများအတွက် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ကောင်းစွာအသုံးပြုနိုင်ပြီး ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်မည့် အလားအလာကောင်းများကို ဖန်တီးပေးရန်ရည်ရွယ်ပါသည်။
Money Management Academy (MMA) ကို ThitsaWorks နှင့် German Sparkassenstiftung (DSIK) တို့မှ ၂၀၂၂ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ပရော်ဖက်ရှင်နယ်များနှင့် Fin-Tech နည်းပညာကို စိတ်ဝင်စားသူများအတွက် အွန်လိုင်းမှတဆင့် ငွေကြေးဆိုင်ရာပညာများကို ဖြန့်ဝေလှုံ့ဆော်ပေးရန် ရည်ရွယ်ထားပါသည်။
ယခုအခါ MMA သည် BetterNext အဖြစ် အသစ်တစ်ဖန် ပြန်လည်ပြောင်းလဲကာ
မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှရှိ ပရော်ဖက်ရှင်နယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာလိုသူလူငယ်များအား ဝမ်းမြောက်ဝမ်းသာ ပံ့ပိုးကူညီသွားမှာ ဖြစ်ပါသည်။
MMA မှ အခြေပြုကာ BetterNext သည် ငွေကြေးဆိုင်ရာပညာရပ်များ (Financial Literacy)၊ စီးပွားရေးစွမ်းဆောင်ရည် (Entrepreneurship)၊ ခေါင်းဆောင်မှု (Leadership)၊ နည်းပညာနှင့် AI၊ ကိုယ်ရည်ကိုယ်သွေးနှင့် အလုပ်အကိုင်တိုးတက်မြင့်မားမှု (Personal & Career Development) စတဲ့ နိုင်ငံတကာအဆင့်မီသင်တန်းများကို တိုးချဲ့သင်ကြားပေးမည်ဖြစ်ပါသည်။
သင်ဟာ စီးပွားရေးစတင်နေသူဖြစ်စေ၊ အလုပ်အကိုင်တိုးတက်အောင်မြင်လိုသူဖြစ်စေ၊ ဘဝစွမ်းဆောင်ရည်များမြှင့်တင်လိုသူဖြစ်စေ BetterNext ဟာ သင့်အတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ဆီကို တက်လှမ်းနိုင်စေရန် ကူညီပံ့ပိုးပေးမည့် အကောင်းဆုံးမိတ်ဖက်အဖြစ် ရှိနေပါသည်။

မြန်မာနိုင်ငံ အသေးစားငွေကြေးလုပ်ငန်းရှင်များအသင်း (MMFA) သည် အသေးစားငွေကြေးကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ အသိပညာ (Financial Literacy) နှင့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများ ပံ့ပိုးပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
MMFA သည် မြန်မာနိုင်ငံရှိ အသေးစားငွေကြေးလုပ်ငန်း လုပ်ကိုင်နေသူများ (NGO များ၊ INGO များ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ) ၏ နိုင်ငံလုံးဆိုင်ရာ အသင်းအဖွဲ့ ဖြစ်သည်။ ၎င်းသည် သင်တန်းများ ပို့ချခြင်း၊ အကောင်းဆုံး အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ အလှူရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ နှင့် ကြီးကြပ်ရေးအဖွဲ့များထံ အသင်းဝင်များကိုယ်စား ဆောင်ရွက်ပေးခြင်းတို့မှတစ်ဆင့် အသေးစားငွေကြေး ဝန်ဆောင်မှုများ၏ ပွင့်လင်းမြင်သာမှု၊ ရေရှည်တည်တံ့မှုနှင့် အရည်အသွေးတို့ကို မြှင့်တင်ပေးလျက်ရှိပါသည်။

အမျိုးသမီးနှင့် မိသားစုဖွံ့ဖြိုးရေး ငွေကြေးအဖွဲ့အစည်း - စီးပွားရေးဆိုင်ရာသင်တန်းနှင့် အတိုင်ပင်ခံ ဝန်ဆောင်မှု
BetterNext နှင့် ပူးပေါင်း၍ "Pitch Masterclass" သင်တန်းကို ပို့ချပေးလျက်ရှိသော WTM သည် မြန်မာနိုင်ငံရှိ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို စွမ်းဆောင်ရည် မြှင့်တင်ပေးလျက်ရှိသည်။ WTM သည် ဦးတည်ချက်ရှိသော စီးပွားရေးသင်တန်းများ၊ လမ်းညွှန်အကြံပေးမှုများ၊ နှင့် ကျား/မတန်းတူညီမျှရေးအတွက် ထောက်ခံပြောဆိုခြင်းများမှတစ်ဆင့် အမျိုးသမီးများကို အားဖြည့်ပေးပါသည်။ UN Women နှင့် UNDP ကဲ့သို့သော မိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် ခေါင်းဆောင်မှု၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာ၊ နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ပရိုဂရမ်များသည် အမျိုးသမီးများ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ တည်ထောင်နိုင်ရန်နှင့် အသက်မွေးဝမ်းကျောင်းမှု ပိုမိုတိုးတက်စေရန် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
ဘဏ္ဍာရေးနည်းပညာ (FinTech) ကဏ္ဍကိုဦးဆောင်ပြီး ငွေကြေးနဲ့ပတ်သက်တဲ့ နည်းပညာဝန်ဆောင်မှုများ၊ အသိပညာသင်ကြားဖြန့်ဝေမှုများကို လုပ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သော ဒီဂျစ်တယ်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်စေရန်အတွက် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာနှင့် ပြည်တွင်းမှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိအမှတ်ပြုခံခဲ့ရပါသည်။
ကျွန်ုပ်တို့၏ ငွေကြေးပညာပေး ပလက်ဖောင်း Money Management Academy (now BetterNext) သည် ဒီဂျစ်တယ် ငွေကြေးအသိပညာပေးခြင်းကဏ္ဍတွင် ထိရောက်စွာ အကျိုးပြုနိုင်ခဲ့မှုကြောင့် Top 10 startups စာရင်းတွင် ရွေးချယ်ခံခဲ့ရပါသည်။ ဤအသိအမှတ်ပြုမှုသည် "ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိနိုင်စေဖို့" (Financial Inclusion) ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်မြောက်စေပြီး နည်းပညာမှတစ်ဆင့် လူထုအား စွမ်းဆောင်ရည်မြှင့်တင်ပေးမည့် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုကို ပိုမိုခိုင်မာစေပါသည်။
Impact Hub Yangon နှင့် Myanmar Japan Center တို့မှ ကြီးမှူးကျင်းပသော ACCESS 2024 Program တွင် Finalist နှင့် Winner ဆုများ ရရှိခဲ့ပါသည်။ ဤအစီအစဉ်သည် လက်ရှိကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှုများကြားတွင် ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းမှုကို တိုးတက်စေမည့် ဆန်းသစ်သော ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို ဖော်ဆောင်နေသည့် လုပ်ငန်းများကို ပံ့ပိုးကူညီပေးသော အစီအစဉ်ဖြစ်ပါသည်။
ဤဆုကို ကျွန်ုပ်တို့၏ သင်ကြားရေးပလက်ဖောင်း Money Management Academy (now BetterNext) အား International Telecommunication Union (ITU) မှ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သော WSIS+20 High-Level Event 2025 တွင် WSIS Prizes 2025 Champion အဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ ပရောဂျက်ပေါင်း (၉၇၂) ခုထဲမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ဒီဂျစ်တယ်ငွေကြေး အသိပညာပေးခြင်းမှတစ်ဆင့် လူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ပေးခဲ့သည့်အတွက် ဂုဏ်ပြုခံရခြင်း ဖြစ်ပါသည်။ ပြည်သူကို ဗဟိုပြု၍ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သော ဒီဂျစ်တယ်လူ့အဖွဲ့အစည်း တည်ဆောက်ကို ဆက်လက်ဖော်ဆောင်သွားရန်အတွက် ခွန်အားများ ဖြစ်စေပါသည်။
BetterNext သည် အရှေ့တောင်အာရှရှိ လူငယ်များနှင့် ပရော်ဖက်ရှင်နယ်များအတွက် လိုအပ်နေသောကျွမ်းကျင်မှုများ - ငွေကြေးစီမံခန့်ခွဲမှု၊ စီးပွားရေးစွမ်းဆောင်ရည်၊ ခေါင်းဆောင်မှု၊ အလုပ်အကိုင်တိုးတက်မှု စသဖြင့် တတ်မြောက်စေရန် ရည်ရွယ်သင်ကြားထားသော အွန်လိုင်းသင်တန်းများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူချောမွေ့စွာ သင်ယူနိုင်ရန် ပံ့ပိုးပေးပါသည်။ BetterNext အွန်လိုင်းသင်ကြားရေးပလက်ဖောင်းသည် တစ်ဦးချင်းစီနှင့် လုပ်ငန်းအဖွဲ့အစည်းများ၏ အနာဂတ်ဖွံဖြိုးရေးအတွက် ကိုယ်ရည်ကိုယ်သွေးနှင့် လုပ်ငန်းဆိုင်ရာစွမ်းဆောင်ရည်များမြင့်တက်စေရန် သင်ခန်းစာများကို စရိတ်သက်သာစွာဖြင့် လေ့ကျင့်သင်ကြားဖြန့်ဝေပေးနေပါသည်။
အချိန်မရွေး၊ နေရာမရွေး လွယ်လွယ်ကူကူ သင်ယူနိုင်စေမယ့် လမ်းကြောင်းများ ဖန်တီးထားပါသည်။
ငွေကြေးနှင့်ပတ်သက်သည့် ကျင့်ဝတ်များနှင့် အနာဂတ်အတွက် ထိရောက်သောအစီအစဉ်များ ချမှတ်နိုင်ရန် လှုံ့ဆော်ပံ့ပိုးပေးပါသည်။
လက်တွေ့ဘဝမှာ အသုံးချနိုင်သော အကျိူးရှိစေမည့်အကြောင်းအရာနှင့် ပညာများကို ထောက်ပံ့ပေးပါသည်။